Pikachu
(pika)နဲ့ ကြွက်သံ (chu)
အသွင်အပြင်လက္ခဏာ
အခြားအချက်များ
၆ ကီလိုဂရမ်
Source: အင်တာနက်
ဘာသာပြန်:
မိုးလုံးမှိုင်း
====Myanmar3====
Pikachu
ပီကချူ (Pikachu) ကို ဂျပန်လိုတော့ ပီကချူ -カチュウ လိုခေါ်ပြီး ကြွက်တူယုန်တူသတ္တဝါ တစ်ကောင်ဖြစ်ပါတယ်။ ပီကချူ အမည်နာမကတော့ ဂျပန်စာလုံး လျှပ်စစ်လှုပ်ရှားအသံ (pika)နဲ့ ကြွက်သံ (chu) ကိုပေါင်းစပ်ပေးထားတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ရန်သူကို ပါးရှိ ပါးကွက်များမှာ လျှပ်စစ်စွမ်းအင်ထုတ်လွှတ် တိုက်ခိုက်တတ်ပါတယ်။ အဓိကက ပီကချူ များသည် လူများကဲသို့ စုဖွဲ့နေထိုင်လေ့ရှိပြီး လပြည့်ညများတွင်စုဖွဲ့ကာ သီချင်းဆိုလေ့ရှိသည်။ အများအားဖြင့် ပီကချူ များသည် ရဲရင့်ပြတ်သားပြီး စိတ်ဓာတ်ပြင်းပြသူများဖြစ်ကာ ခံစားလွယ်တတ်ပါတယ်။ Electric အဓိကအသုံးပြုပြီး တိုက်ခိုက်တတ်ပါတယ်။ ပီကချူ အမများရဲ့ အမြီးဆုံးထိပ်မှာတော့ အသဲပုံသဏ္ဍာန်ပါရှိပါတယ်။
အသွင်အပြင်လက္ခဏာ
ပီကချူ ဟာ ၁ပေနဲ့ ၄လက်မသာရှိတဲ့ ကြွက်တူယုန်တူ ပေါ့ကီမွန်တစ်ကောင်ဖြစ်ပါတယ်။ တစ်ကိုယ်လုံးအဝါရောင်အဆင်းရှိပြီး၊ မိုးကြိုးသွားပုံစံ အမြီးတစ်ချောင်းပါရှိပါတယ်။ ကျောဘက်မှာ အညိုရင့်ရောင် ရှည်မျောမျော အမှတ်(၂)ခုပါရှိပြီး၊ အမြီးအရင်းတွင်လည်း အညိုရင့်ရောင်ပါရှိပါတယ်။ ယုန်ကဲ့သို့ရှည်လျားသော နားရွက်များရှိကာ နားရွက်ဖျားတွင် အမည်းရောင်အစွန်းကွပ်များပါရှိပါတယ်။ လက်(၅)ချောင်းရှိကာ ယုန်ကဲ့သို့ရှည်လျားသောဖဝါးမျိုးပိုင်ဆိုင်ပြီး ခြေချောင်း(၃)ချောင်းသာရှိပါတယ်။ ပါးတစ်ဖက်တစ်ချက်စီမှာ အနီရောင်စက်ဝိုင်း(၂)ခုရှိကာ ယင်းမှ လျှပ်စစ်များ ဖြာထွက်ထုတ်လွှတ်နိုင်ပါတယ်။ ချွင်းချက်အနေဖြင့် ပီကချူ ကို ရိုင်ချူ(Raichu) အဖြစ်သို့ မိုးကြိုးကျောက်(Thunderstone) ရှိမှသာ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ပီကချူ ဟာ ပီချူ(Pichu)မှ ဆင့်ကဲပြောင်းလဲလာတာ ဖြစ်ပါတယ်။ Pokemon Go Game မှာ ပီချူပါဝင်ခြင်းရှိမရှိတော့ မသိရသေးပါဘူး။…
အခြားအချက်များ
ခုခံနိုင်မှုအားနည်းသည့်စွမ်းအင်များ Ground
ပျှမ်းမျှအရပ်နှင့် အလေးချိန်: ၁ ပေ ၄လက်မ(ဝ.၄မီတာ)၊ ၁၃.၂ ပေါင် ၆ ကီလိုဂရမ်
အမြန်တိုက်ကွက်: Thunder Shock, Quick Attack
အထူးတိုက်ကွက်: Discharge, Thunderbolt, Thunder
စွမ်းဆောင်ရည် : Static၊ Lightning Rod၊ Hidden Ability
Source: အင်တာနက်
ဘာသာပြန်: မိုးလုံးမှိုင်း
No comments:
Post a Comment