Charmander
ချာမန်ဒါ(Charmander) ကို ဂျပန်လိုတော့ ဟီတိုကေခ်ျ့ Hitokage (ヒトカゲ?) လို့ခေါ်ပါတယ်။ ချာမန်ဒါရဲ့
အမြီးဖျားမှာ အမြဲတောက်လောင်နေတဲ့ မီးစမီးလျှံတစ်ခုပါရှိပြီး၊ ယင်းမီလျှံရဲ့မီးတောက်ပမာဏဟာ
ချာမန်ဒါရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊
ရုပ်ပိုင်းဆိုင်ရာအခြေအနေ တစ်ခုချင်းအပေါ်လိုက်၍ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အဲဒီ
မီးစမီးလျှံဟာ ချာမန်ဒါ သေဆုံးတဲ့အခါမှ
ချုပ်ငြိမ်းသွားမှာဖြစ်တယ်လို့ ဆိုလိုပါတယ်။ Fire
အဓိကအသုံးပြုပြီး တိုက်ခိုက်တတ်ပါတယ်။
အသွင်အပြင်လက္ခဏာ
ချာမန်ဒါ
ချာမန်ဒါ
Stone) အသုံးပြုကာ ချာရီဇာကို မီဂါချာရီဇာအိပ်ခ်ျ(Mega Charizard X) သို့မဟုတ် မီဂါချာရီဇာဝိုင်(Mega Charizard Y)အဖြစ် ဆက်လက်ကြီးမားအောင် လုပ်နိုင်ပါသေးတယ်။
အခြားအချက်များ
ပျှမ်းမျှအရပ်နှင့်
အမြန်တိုက်ကွက်
Ember, Scratch
Flamethrower
Source: အင်တာနက်
=====Myanmar3=====
အသွင်အပြင်လက္ခဏာ
ချာမန်ဒါ ကို နဂါး(Dragon) ပေါ့ကီမွန်လို့ သိတာများပါတယ်။ ချာမန်ဒါ ကိုယ်ခန္ဓာသေးငယ်ပြီး၊ ခြေ(၂)ချောင်းရပ် ဖွတ်ပုတက်အသွင်အပြင်ရှိတဲ့ ပေါ့ကီမွန်ဖြစ်ပါတယ်။ အပြာရောင်မျက်လုံးပိုင်ရှင်ဖြစ်ပြီး၊ လိမ္မော်ရောင်-အနီရောင် အသားအရောင်ရှိကြပါတယ်။ ကုတ်ဖဲ့နိုင်တဲ့ခြေချောင်းသုံးချောင်းရှိပြီး၊ အဝါရောင်ဝမ်းဗိုက်ကြွက်သားများရှိကာ ခြေဖဝါးမှာလည်း အဝါရောင်ပဲဖြစ်ပါတယ်။ မိုးရွာတဲ့အခါ ကိုယ်ခန္ဓာအား လဲချကာ သူ၏ပါးစပ်အခိုးများဟာ မှုတ်ထုတ်ကာ သူ့အမြီးမှ မီးချုပ်ငြိမ်းမသွားအောင်လုပ်လေ့ရှိပါတယ်။ မိုးဖွဲတဲ့အခါမှာတော့ အမြီးထိပ်မီးစနှင့် ရေထိတဲ့အသံကို တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ဖြစ်ပါက ကြားနိုင်ပါတယ်။ ထိုကဲသို့မလုပ်ပါက သူအသက်သေဆုံးမှာ ဖြစ်ပါတယ်။ ကြီးပြင်းပြောင်းလဲမှုအနေဖြင့် ချာမီလီယမ်(Charmeleon) အဖြစ်ရောက်ရှိနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ ပြောရရင် အမြင့်ဆုံး ချာရီဇာ(Charizard)အထိ ကြီးပြင်းပြောင်းလဲမှု ရောက်ရှိနိုင်သော်လည်း မီဂါစတုန်း(Mega Stone) အသုံးပြုကာ ချာရီဇာကို မီဂါချာရီဇာအိပ်ချ်(Mega Charizard X) သို့မဟုတ် မီဂါချာရီဇာဝိုင်(Mega Charizard Y)အဖြစ် ဆက်လက်ကြီးမားအောင် လုပ်နိုင်ပါသေးတယ်။ အခြား ပေါ့ကီမွန်များနဲ့ ခြားနားချက်ကတော့ မိမိစိတ်နှစ်သက်ရာမှာ ပျော်မွေ့လွယ်တဲ့ ပေါ့ကီမွန်အမျိုးအစားပဲ ဖြစ်ပါတော့တယ်။
အခြားအချက်များ
ခုခံနိုင်မှုအားနည်းသည့်စွမ်းအင်များ: Ground Rock Water
ပျှမ်းမျှအရပ်နှင့် အလေးချိန်: ၂ ပေ (ဝ.၆မီတာ)၊ ၁၈.၇ ပေါင် ၈.၅ ကီလိုဂရမ်
အမြန်တိုက်ကွက် Ember, Scratch
အထူးတိုက်ကွက်: Flame Charge, Flame Burst, Flamethrower
Source: အင်တာနက်
ဘာသာပြန်: မိုးလုံးမှိုင်း
No comments:
Post a Comment