Friday, August 26, 2016

Pikachu



ပီကချူ (Pikachu) ကို ဂျပန်လိုတော့ ပီကချူ ピカチュウ လိုခေါ်ပြီး ကြွက်တူယုန်တူသတ္တဝါ တစ်ကောင်ဖြစ်ပါတယ်။ ပီကချူ အမည်နာမကတော့ ဂျပန်စာလုံး လျှပ်စစ်လှုပ်ရှားအသံ (pika)နဲ့  ကြွက်သံ (chu) ကိုပေါင်းစပ်ပေးထားတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ရန်သူကို ပါးရှိ ပါးကွက်များမှာ လျှပ်စစ်စွမ်းအင်ထုတ်လွှတ် တိုက်ခိုက်တတ်ပါတယ်။ အဓိကက ပီကချူ များသည် လူများကဲသို့ စုဖွဲ့နေထိုင်လေ့ရှိပြီး လပြည့်ညများတွင်စုဖွဲ့ကာ သီချင်းဆိုလေ့ရှိသည်။ အများအားဖြင့် ပီကချူ များသည် ရဲရင့်ပြတ်သားပြီး စိတ်ဓာတ်ပြင်းပြသူများဖြစ်ကာ ခံစားလွယ်တတ်ပါတယ်။ Electric အဓိကအသုံးပြုပြီး တိုက်ခိုက်တတ်ပါတယ်။ ပီကချူ အမများရဲ့ အမြီးဆုံးထိပ်မှာတော့ အသဲပုံသဏ္ဍာန်ပါရှိပါတယ်။


အသွင်အပြင်လက္ခဏာ
ပီကချူ  ဟာ ၁ပေနဲ့ ၄လက်မသာရှိတဲ့ ကြွက်တူယုန်တူ ပေါ့ကီမွန်တစ်ကောင်ဖြစ်ပါတယ်။ တစ်ကိုယ်လုံးအဝါရောင်အဆင်းရှိပြီး၊ မိုးကြိုးသွားပုံစံ အမြီးတစ်ချောင်းပါရှိပါတယ်။ ကျောဘက်မှာ အညိုရင့်ရောင် ရှည်မျောမျော အမှတ်(၂)ခုပါရှိပြီး၊ အမြီးအရင်းတွင်လည်း  အညိုရင့်ရောင်ပါရှိပါတယ်။ ယုန်ကဲ့သို့ရှည်လျားသော နားရွက်များရှိကာ နားရွက်ဖျားတွင် အမည်းရောင်အစွန်းကွပ်များပါရှိပါတယ်။ လက်(၅)ချောင်းရှိကာ ယုန်ကဲ့သို့ရှည်လျားသောဖဝါးမျိုးပိုင်ဆိုင်ပြီး ခြေချောင်း(၃)ချောင်းသာရှိပါတယ်။ ပါးတစ်ဖက်တစ်ချက်စီမှာ အနီရောင်စက်ဝိုင်း(၂)ခုရှိကာ ယင်းမှ လျှပ်စစ်များ ဖြာထွက်ထုတ်လွှတ်နိုင်ပါတယ်။ ချွင်းချက်အနေဖြင့် ပီကချူ ကို ရိုင်ချူ(Raichu) အဖြစ်သို့ မိုးကြိုးကျောက်(Thunderstone) ရှိမှသာ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ပီကချူ ဟာ ပီချူ(Pichu)မှ ဆင့်ကဲပြောင်းလဲလာတာ ဖြစ်ပါတယ်။ Pokemon Go Game မှာ ပီချူပါဝင်ခြင်းရှိမရှိတော့ မသိရသေးပါဘူး။…

အခြားအချက်များ
ခုခံနိုင်မှုအားနည်းသည့်စွမ်းအင်များ Ground
ပျှမ်းမျှအရပ်နှင့် အလေးချိန်: ၁ ပေ ၄လက်မ(၀.၄မီတာ)၊ ၁၃.၂ ပေါင် ၆ ကီလိုဂရမ်
အမြန်တိုက်ကွက်: Thunder Shock, Quick Attack
အထူးတိုက်ကွက်: Discharge, Thunderbolt, Thunder
စွမ်းဆောင်ရည် : Static၊ Lightning Rod၊ Hidden Ability



Source: အင်တာနက်

ဘာသာပြန်: မိုးလုံးမှိုင်း

Ekans


အက်ကန်စ် (Ekans) ကို ဂျပန်လိုတော့ အာဘို アーボ လို့ခေါ်ပြီး၊ ခလောက်မြွေ ပေါ့ကီမွန်အဖြစ် လူသိများပါတယ်။ အက်ကန်စ် အမည်နာမကို  "Ekans"  သည် အင်္ဂလိပ်စာလုံး "snake" ကို ပြောင်းပြန်ရေးသားထားခြင်း ဖြစ်ပါတယ်။ ငှက်ပေါ့ကီမွန်တွေဖြစ်တဲ့ ပီဂေနဲ့ စပီးရိုးလ် တို့ရဲ့ဥများကို ခိုးယူစားသောက်လေ့ရှိပါတယ်။ အက်ကန်စ် ရဲ့မေးရိုးများဟာ ကြီးမားတဲ့သားကောင်းများကို တစ်ကိုယ်လုံးမျိုနိုင်အောင် စွမ်းဆောင်နိုင်ပါတယ်။ အဆိပ်ပြင်းတဲ့အစွယ်ကို အားကိုးပြီး မြက်ခင်းများအကြားတွင် ကျက်စားကာ ဖြတ်သန်းသူများကို မမျှော်လင့်ဘဲ တိုက်ခိုက်တတ်ပါသေးတယ်။ သားကောင်များ၏ အနောက်ဘက်ကနေတိုက်ခိုက်လေ့ရှိသည်။ မြေပြင်ပေါ်တွင် ခွေချထားခြင်းဖြင့် မည်သည့်အရပ်မျက်နှာကလာသည့် တိုက်ခိုက်မှုကိုမဆို ကောင်းစွာခုခံကာကွယ်နိုင်ပါတယ်။ အက်ကန်စ်  ဟာ မြွေများအတိုင်း အမူအကျင့်များစွာတူပြီး၊ အန္တရာယ်အငွေ့အသက်နဲ့ သားကောင်ရဲ့တည်နေရာကို ၄င်းလျှာဖြင့်လေထဲမှ အာရုံခံကာ သိရှိနိုင်ပါတယ်။ အရေခွံလဲလေ့ရှိတတ်ပါတယ်။ အက်ကန်စ်  ဟာ ရေကူးစွမ်းရည်လည်းရှိပါတယ်။ ညအခါ သစ်ကိုင်းအား ပတ်ခွေကာအနားယူလေ့ရှိတတ်သည်။ မွေးခါစ အက်ကန်စ်  အကိုက်ခံရပါက နာကျင်စွာခံစားရသော်လည်း အဆိပ်သိပ်မပြင်းချေ။ Poison အဓိကအသုံးပြုပြီး တိုက်ခိုက်တတ်ပါတယ်။

Thursday, August 25, 2016

Spearow


စပီးရိုးလ်  (Spearow) ကို ဂျပန်လိုတော့ အိုနိဆူဇူးမီ (オニスズメ) လို့ခေါ်ပါတယ်။ စပီးရိုးလ် အမည်နာမက စပီးယ " spear " လှံ နှင့် စပဲရိုးလ် " sparrow " စာကလေး ဆိုတဲ့ စကားလုံး(၂)လုံးကို  တစ်မျိုးတည်း ပေါင်း၍ခေါ်ခြင်းပင် ဖြစ်တယ်။ စပီးရိုးလ် ဟာ ပုံရိပ်ယောင်လှုပ်ရှားမှု (Mirror Move) ကို ပြုလုပ်ရန်အတွက် ရန်သူ၏ ထိခိုက်လွယ်သော အားနည်းချက်များကို မှတ်သားထားလေ့ရှိတယ်။  စပီးရိုးလ် ရဲ့အတောင်ပံများဟာ ကြာရှည်စွာပျံသန်းခြင်းနဲ့ ရုတ်ခြည်းပျံသန်းနိုင်ရန် မစွမ်းဆောင်နိုင်ကြပါဘူး။ ဒါပေမယ့် သူ့ပိုင်နက်နဲ့ မျိုးနွယ်တူများအပေါ် ဘေးအန္တရာယ်ကျရောက်မှသာလျှင် ရုတ်ခြည်းပျံသန်းဖို့ စွမ်းဆောင်နိုင်ကြတာပါ။ ပျံသန်းဖို့အတွက် လေယာဉ်ပျံလို အရှိန်ယူရပါတယ်။ စပီးရိုးလ် ပျံသန်းမှုဟာ ဝေဟင်မှာ စွန်ကဲ့သို့လေဟုန်စီးပြီး ပျံတဲ့သဘောပါ။ စပီးရိုးလ် ဟာ ပီဂေ ထက်အရိုင်းအစိုင်းပိုဆန်ပါတယ်။ ဘယ်လောက်ရိုင်းလဲဆို တခါတရံ အခြားပေါ့ကီမွန်များနဲ့ လူများကိုပါ ရန်ပြုတိုက်ခိုက်တတ်ပါတယ်။ စပီးရိုးလ် များသည် မိုင်ဝက်အကွားအဝေးကတောင်ကြားနိုင်တဲ့ အော်မြည်သံပြုတတ်ပြီး၊ အဲဒီအသံဟာ ကျူးကျော်ဝင်ရောက်သူများကို ခြောက်လှန့်နိုင်သလို မျိုးနွယ်တူအချင်းချင်းကြားမှာ အချက်ပြမှုတစ်ခုအနေနဲ့ ပြုလုပ်လေ့ရှိတတ်ကြပါတယ်။ အမြင်အာရုံမှာ အဖြူအမဲဖြစ်တယ်။
Rattata


ရက်တတာ (Rattata) ကို ဂျပန်လိုတော့ ခိုရာတ (コラッタ) လို့ခေါ်ပြီး၊ ကြွက်ပေါ့ကီမွန်အဖြစ် လူသိများပါတယ်။ ရက်တတာ ကို ပေါ့ကီမွန် ထရိန်နာတွေအတွက် ဖောချင်းသောချင်း ဖမ်းမိတတ်ပြီး နေရာတစ်ခုတည်းဆိုရင် အကောင်း(၄၀)ထက် မနည်းရှိနေတာမျိုးကိုတောင် ကြုံတွေ့ရတတ်ပါတယ်။ နေရာတကာ သူတို့အသိုက်အမြုံများ တည်ဆောက်လေ့ရှိပြီး၊ ဘာမဆိုစားတဲ့ အစုံစားသတ္တဝါဖြစ်ပါတယ်။ ရက်တတာ ရဲ့သွားစွယ်ကြီးဟာ အကောင်ကြီးလာတာနဲ့အမျှ လိုက်လံကြီးထွားလာမှာဖြစ်ပါတယ်။ အဆိုပါသွားစွယ်ဟာ ရက်တတာ ကို မည်သည့်နေရာမှာမဆို နေထိုင်နိုင်ရာမှာ အစားအသောက်ရှာဖွေရာမှာ အလွန်အသုံးဝင်လှပါတယ်။ လျင်မြန်စွာတိုက်ခိုက်ခြင်းကို ကျွမ်းကျင်ပြီး၊ ရန်သူမစခင်မှာ လက်ဦးမှုရယူကာ တိုက်ခိုက်တတ်ကြပါတယ်။ ပေါက်ဖွားနှုန်းအလွန်မြင့်မားသဖြင့် အချိန်ကာလအနည်းငယ်အတွင်း နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပစ်နိုင်ပါတယ်။ ထိတ်လန့်လျှင် ကိုက်တတ်ပါတယ်။ သစ်သီးသစ်ဖု၊ အခွံမာသီး၊ ချိစ် နှင့် ရက်စ်ဘယ်ရီသီးများကို နှစ်သက်ပြီး၊ ခရီးသွားလာသူများထံမှ အစားအသောက် ခိုးယူစားသောက်လေ့ရှိပါတယ်။
Pidgey

ပီဂေ (Pidgey) ကို ဂျပန်လိုတော့ သတ္တဝါအသံ ပေါ့ပို (ポッポ) လို့ခေါ်ပါတယ်။ ပီဂေ ဟာ တိကျစူးရှတဲ့ ပတ်ဝန်းကျင်အမြင်အာရုံခံရှိပြီး၊ အကွာအဝေးဘယ်လောက် ရောက်ရောက်၊ လမ်းဘယ်လို ပျောက်ပျောက်  အသိုက်/အိမ်ရှိရာကို ရောက်အောင်ပြန်နိုင်ပါတယ်။ သိမ်မွေ့ပြီး နာခံလွယ်သော ပေါ့ကီမွန်ဖြစ်ပြီး ဖမ်းရတာလွယ်ကူပါတယ်။ ရန်သူဆီမှ ရှောင်ထွက်ပြေးတာထက် တိုက်ခိုက်ရခြင်းကို ပိုမိုနှစ်သက်လေ့ရှိပါတယ်။ ပီဂေ ဟာ သူရဲ့ အတောင်ပံတွေကို ပြင်းထန်စွာခတ်ခြင်းဖြင့် အားကောင်းတဲ့ တော်နေဒို သဲမုန်တိုင်းနဲ့ ကိုယ်ခန္ဓာဖြင့် လေပွေထိုးဖောက်မှုဖန်တီးကာ သူကိုယ်သူကာကွယ်သလို သူ့ရဲ့သားကောင်ကိုလည်း အဝေးသို့ လွှင့်ထွက်သွားအောင်လည်း တိုက်ခိုက်နိုင်ပါတယ်။ ပီဂေ ဟာ ကျက်စားရာနယ်နိမိတ်ကို ကိုယ်တိုင်သတ်မှတ်ထားလေ့ရှိပြီး အများအားဖြင့် သစ်တောနဲ့ စားကျက်မြေချိုင့်ဝှမ်းဒေသတွေမှာ အများအပြားတွေ့ရလေ့ရှိပါတယ်။  စတင်လေ့ကျင့်သူတွေအတွက် ပေါ့ကီမွန်စွမ်းဆောင်ရည်တွေကို လေ့လာအသုံးချနိုင်ရန် ဖမ်းယူသင့်တဲ့ အကောင်းဆုံးသော ပေါ့ကီမွန်အမျိုးအစားပဲဖြစ်ပါတယ်။ Flying စွမ်းအင်များဖြင့်တိုက်ခိုက်လေ့ရှိပါတယ်။

Tuesday, August 23, 2016

Weedle



ဝီဒ်ယ်လ်(Weedle) ကို ဂျပန်လိုတော့ ဘီဒိုရူ (ビードル) လို့ခေါ်ပါတယ်။ အမွှေးထူတဲ့ အင်းဆက်ပိုးလောင်း ပေါ့ကီမွန်တစ်ကောင်ဖြစ်ပါတယ်။ အလွန်အားနည်းတဲ့အတွက် ဖမ်းရတာလွယ်ကူတဲ့ ပေါ့ကီမွန်အမျိုးအစား ဖြစ်ပါတယ်။ အများအားဖြင့် သစ်တောနဲ့ စိမ်းလန်းတဲ့ဒေသတွေမှာ ဝီဒ်ယ်လ်ကို  အများအပြားတွေ့ရလေ့ရှိပါတယ်။  သစ်ရွက်စားပိုးလောင်းဖြစ်တဲ့ ဝီဒ်ယ်လ် ရဲ့ (၂)လက်မရှိတဲ့ဆူးဟာ အလွန်ပြင်းတဲ့အဆိပ်ရှိနေပါတယ်။ အဲဆူးက သဘာဝတောကောင်တွေရဲ့ အန္တရာယ်မှ များစွာကာကွယ်ပေးပါတယ်။ ကြီးမားတဲ့နှာခေါင်းရှိတာကြောင့် ဝီဒ်ယ်လ် ဟာ သူစားလိုတဲ့ သစ်ရွက်အမျိုးအစားကို အလှမ်းဝေးကနေတောင် အနံ့အာရုံနဲ့ အတိအကျကို သိပါတယ်။ နေ့စဉ် သူ့ခန္ဓာကိုယ် အလေးချိန်နဲ့ညီတဲ့ သစ်ရွက်ပမာဏကို စားလေ့ရှိပါတယ်။ ဝီဒ်ယ်လ် ဟာ ကတ်တာပီ ထက်အရိုင်းပိုဆန်ပါတယ်။ Poison အဓိကအသုံးပြုပြီး တိုက်ခိုက်တတ်ပါတယ်။

Monday, August 22, 2016

Caterpie


ကတ်တာပီ (Caterpie) ကို ဂျပန်လိုတော့ ခတပိ Kyatapī (キャタピー) လို့ခေါ်ပါတယ်။ ကတ်တာပီ သည် ကျွန်တော်နေထိုင်ရာကမ္ဘာမှ လိပ်ပြာမျိုးစိတ်သို့ ပြောင်းလဲနိုင်သည့် ခူကောင်လို အနွယ်ဝင်ဖြစ်ပါတယ်။ ကတ်တာပီ အမည်နာမက ခူကောင် ကတ်တာဖိလာ(caterpillar) မှ ဆင်းသက်လာတာဖြစ်ပါတယ်။ အနေအေးတဲ့စရိုက်ကြောင့် ဖမ်းရတာလွယ်ကူတဲ့ ပေါ့ကီမွန်အမျိုးအစားဖြစ်ပါတယ်။ အကြိုက်ဆုံး အစာအစားမှာ ဗာမီလီယံ ပန်း (Vermilion flower) ပဲဖြစ်ပါတယ်။
Squirtle

စကွီဲတယ်လ် (Squirtle) ကို ဂျပန်လိုတော့ ဇိနိဂါမီ Zenigame (ゼニガメ) လို့ခေါ်ပါတယ်။ စကွီဲတယ်လ် အမည်နာမက စကွတ်လ် " squirt " ပန်းထွက်နေသောရေ နှင့် တရူလ်တယ်လ်" turtle " လိပ် ဆိုတဲ့ စကားလုံး(၂)လုံးကို  တစ်မျိုးတည်း ပေါင်း၍ခေါ်ခြင်းပင် ဖြစ်တယ်။ စကွီဲတယ်လ်  ရဲ့ကျောခွံဟာ သူအား အကာအကွယ်ပေးရုံသာမက ကျောခွံ၏ လုံးဝန်းပြီး ယင်းပါရှိတဲ့ မြောင်းကြောင်းတွေက ရေထဲတွင်ခုခံနိုင်မှုကောင်းအောင်လုပ်ပေးနိုင်သလို အခြားပေါ့ကီမွန် များထက်ရေကူးအရာမှာ အလွန်မြန်တဲ့လျင်နှုန်းနဲ့ ကူးခတ်နိုင်ဖို့ပါ အသုံးဝင်ပါတယ်။ Water အဓိကအသုံးပြုပြီး တိုက်ခိုက်တတ်ပါတယ်။
Charmander


ချာမန်ဒါ(Charmander) ကို ဂျပန်လိုတော့ ဟီတိုကေခ်ျ့ Hitokage (ヒトカゲ?) လို့ခေါ်ပါတယ်။ ချာမန်ဒါရဲ့ အမြီးဖျားမှာ အမြဲတောက်လောင်နေတဲ့ မီးစမီးလျှံတစ်ခုပါရှိပြီး၊ ယင်းမီလျှံရဲ့မီးတောက်ပမာဏဟာ ချာမန်ဒါရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေ တစ်ခုချင်းအပေါ်လိုက်၍ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အဲဒီ မီးစမီးလျှံဟာ ချာမန်ဒါ သေဆုံးတဲ့အခါမှ ချုပ်ငြိမ်းသွားမှာဖြစ်တယ်လို့ ဆိုလိုပါတယ်။ Fire အဓိကအသုံးပြုပြီး တိုက်ခိုက်တတ်ပါတယ်။
Bulbasaur


ဘလ်ဘဆောလ် (Bulbasaur) ကို ဂျပန်လိုတော့ ဖူရှီဂီဒနိ Fushigidane (フシギダネ?) လိုခေါ်ပါတယ်။ ဘလ်ဘဆောလ် အမည်နာမက ဘလ် "bulb" မီးသီးပုံသဏ္ဍာန်သစ်ဥနှင့် ဒိုင်နိုဆောလ် "dinosaur" ကမ္ဘာ့ဦးသတ္တဝါ ဆိုတဲ့ စကားလုံး(၂)လုံးကို  တစ်မျိုးတည်း ပေါင်း၍ခေါ်ခြင်းပင် ဖြစ်တယ်။ အစေ့/အပင် ပေါ့ကီမွန် (Seed Pokémon) အမျိုးအနွယ်ဖြစ်တဲ့ ဘလ်ဘဆောလ် ဟာ ပတ်ဝန်းကျင် အကူအညီ/အထောက်အပံ့ တစ်ခုမှ မပါဘဲ တစ်ကိုယ်တည်း နေရောင်ရရှိပါက အသက်ရှင်ရပ်တည်နိုင်စွမ်းရှိတဲ့ သတ္တဝါမျိုးပါ။ Grass နှင့် Poison အဓိကအသုံးပြုပြီး တိုက်ခိုက်တတ်ပါတယ်။